Pages

Monday, August 11, 2014

ဖူးစာရှင် for android




ဒီ application လေးကတော့ ကိုယ်နဲ့ ကိုယ့်ချစ်သူတို့ လက်ထပ်ပေါင်းသင်းနေထိုင် နိုင်ဖို့အတွက် ဘယ်လောက်ရာခိုင်နှုန်းအထိ သေချာသလည်းဆိုတာကို အဖြေရှာပေးမယ့် “ဖူးစာရှင်”ဆိုတဲ့ apk လေးတစ်ခုဖြစ်ပါတယ်။ မူရင်း apk ဖြစ်တဲ့ finger print love test ဆိုတဲ့ ဆော့ဖ်ဝဲကိုမြန်မာမှုပြုထားတာပါ။ ဆိုဒ်တစ်ခုကတွေ့လို့ဒေါင်းယူုပြီး ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ apk အသုံးပြုပုံက လွယ်ကူပါတယ်။ -apk ကို install လုပ်ပြီးဆော့ဖ်ဝဲထဲဝင်ပါ။ -အပေါ်ဆုံးကအကွက်မှာ ကိုယ့်နာမည်ကို ရေးပါ။ -အောက်ကအကွက်ထဲမှာ ကိုယ့်ချစ်သူရဲ့ နာမည်ကိုရေးလိုက်ပါ။ -ပြီးရင် အောက်ဆုံးက မြှားနတ်မောင်ကိုစစ် ဆေးခိုင်းမယ် ဆိုတဲ့စာသားနေရာလေးကို click တချက်နှိပ်လိုက်ပါ။ နောက်တစ်မျက်နှာမှာလက်ဗွေရာထည့်ရ ပါမယ်။ -ဘယ်ဘက်ကအကွက်ထဲမှာ ကိုယ့်လက်ဗွေရာ တစ်ခုနှိပ်ပါ။scan ဖတ်ပြီး သည်အထိကြာကြာလေးဖိပေးထားပါ။ -ညာဘက်ကအကွက်ထဲမှာ ကိုယ့်ချစ်သူရဲ့ လက်ဗွေရာ နှိပ်ပေးရပါမယ်။ -ခဏစောင့်ပေးနေပါ။သင်နဲ့သင့်ချစ်သူတို့ရဲ့ ဖူးစာဆုံဖို့ ဖြစ်နိုင်ခြေကို စစ်ဆေးနေပါပြီ။ -ခဏကြာရင်တော့ ဖူးစာဆုံဖို့ ဖြစ်နိုင်ခြေကို ရာခိုင်နှုန်းနဲ့ ဖော်ပြပေးပါလိမ့်မယ်။ အပေါ်ဆုံးမှာတော့ ကျနော်နဲ့ကျနော့ချစ်သူရဲ့ ဖူးစာရှင်အခြေအနေတွက်ချက်ထားပုံလေး ပါတင်ပေးထားပါတယ်။ Apk File Size 1MB လောက်ပဲရှိပြီး Android OS Version 2.1 နှင့်အထက်ရှိ ထားသောဖုန်းများမှာ ထည့်သွင်းအသုံးပြု နိုင်ပါပြီ။
<DOWNLOAD>

No comments:

Post a Comment

 

Sample text

Sample Text

Sample Text