Pages

Thursday, March 6, 2014

FaceBook Account ဖွင့်နည်း

၂၀။ FaceBook Account ဖွင့်နည်း

၁။ အကယ်၍ သင့်မှာ Facebook အကောင့် ရှိပြီးသား ကိုနောက်ထပ်အကောင့်ဖွင့်လိုတာ ဖြစ်ပါက အရင် အဟောင်းကို ပြန်ဖျက်ပေးမပါမယ်၊ ဆိုလိုတာက အီးမေး တစ်ခုနဲ့အကောင့် သစ်ဖွင့်မရဘူးဆိုတဲ့သဘောပါ။

၂။ ပုံမှာပြထားတဲ့အတိုင်း 
 

     First Name: မှာ သင့်ပထမအမည်ကိုထဲ့ပါ
     Surname ဆိုတာမျိုးပါလာ ရင် Last Name နဲ့အတူတူဘဲ ဖြစ်ပါတယ် သင်ရဲ့ နောက်နာမည်တစ်လုံးကို ထပ်ဖြည့်ပေးပါ။
    Your Email: မှာသင့် အီးမေးကိုဖြည့်ပါ
    Re-enter Email: မှာဒုတိယအကြိမ် အီးမေးကိုထပ်ဖြည့်ပေးပါ
    New Password: မှာသင်ထဲ့ခြင်တာကိုထဲ့ပါ (အရေးကြီး လျှိုဝှက် နံပါတ်ဖြစ်ပါသည် မေ့မသွားပါစေနဲ့)
    I am: နေရာမှာ သင်က ကောင်လေး ဆိုရင် Male ကိုရွေးပါ။ သင်က ကောင်မလေး ဆိုရင်တော့Female ကိုရွေးပါ။
    Birthday: မှာ သင့်ရဲ့ မွေးနေ၊ မွေးလ၊ မွေးတဲ့ခုနှစ်ကိုဖြည့်ပါ။ 
ပြီးတာနဲ့အောက်မှာ အနီနဲ့ ဝိုင်းပြထားတဲ့ Sign Up ကို နှိပ်ပါ နောက်စာမျက်နှာကိုပြောင်းသွားပြီး ပန်းစလုံးဖြည့်ပေးရပါတယ်၊ Facebook မှာ Design အပြောင်းလဲ ရှိတာမို့ ဖုန်းနံပါတ်ပေးရတဲ့အခါရှိသလို မပေးရတဲ့အခါလဲ
ရှိပါတယ်။ ပန်းစာလုံးပုံစံဖြည့်ပြီးလို့ မှန်ရင်လဲဖုန်းနံပါ မပေးရဘူးထင်တယ်၊ ကျနော်အကောင့် နှစ်ခု ကို တစ်ရက်ဘဲ ခြားပြီး ဖွင့်တာ တစ်ရက်နဲ့ တစ်ရက်မတူတာကိုတွေ့ရပါတယ်။ ဖုန်းနံပါတ်မတောင်းဘူးဆိုရင် အဆင့် ၃ ဆင့်
လုပ်ဆောင်ရပြီး ဖုန်းနံပါတ်တောင်းရင်တော့ လေးဆင့် လုပ်ဆောင်ရမှာပါ။ ခုအဆင့် သုံးဆင့်ဖြည့်တဲ့ နည်းကို အရင်ပြပေးပါမယ်။ ပန်းပုံလို ကျိုတို့ကျဲတဲ စာလုံဖြည့်ပြိးသွားလို့ အဆင့် ၃ ဆင့်လာမယ်ဆိုရင် အောက်ကပုံ
ကိုကြည့်ပါ။<ဆက်ဖတ်ရန်>

 
    အဆင့် ၁။ က Find Your Friend ကိုပေးထားပါတယ်။ အနီရောင်နဲ့ ဝိုင်းပြထားပါတယ် ဒါပေမဲ့ ဘာမှမဖြည့်ဘဲ အောင်ဆုံးမှာ Skip This Step ကို အနီရောင်တားပြထားပါတယ်။
    အဲဒီနေရာမှာ ကလစ်နှိပ်ပြီး ဒီအဆင့်ကို ကျော်လိုပ်ပါ။ ဒုတိယ အဆင့်ကိုသွားပါမယ်။

၃။ ဒီအဆင့်က သင့်ကျောင်းပညာရေး အကြောင်းကိုဖြည့်ခိုင်းတာပါ၊ 
 
ဒီနေရာမှာလဲအောက်ကမြင်ရတဲ့ပုံကိုကြည့်ပြီး အောက်နားမှာ မှင်နီတဲ့တားပြထားတဲ့ Skipကိုနှိပ်ပြီးကျော်လိုက်ပါ သူညာဘက်က Save & Continue ကိုမနှိပ်ပါနဲ့။

၎။ ဒီအဆင့်ကတော့ သင့်ရဲ့ ပုံကိုတင်ချင်ရင် တင်လို့ရအောင်ပေးထားတာပါ။ အကယ်၍သင်က တင်လိုပါက Upload a photo မှာကလစ်နှပ်ပေးပါ Box လေးတစ်ခုပေါ်လာမယ် အဲဒီ Box ထဲကBrowser မှာနှိပ်ပြီး သင့်ရဲ့
ကွန်ပျူတာထဲက သင်သိမ်းထားတဲ့ ပုံးကိုရွေးပေးပြိး Open ကို နှိပ်ပြီး တင်ပေးပါ။ Facebookကအလုပ်လုပ်နေတာ လေးကိုစောင့်ပါ။ 
 
သင်ပုံမတင်လိုဘူးဆိုရင်တော့ အောက်နားမှာ မှင်အနီတားထားတဲ့ Skip ကိုဘဲနှိပ်ပြီးကျော်ပါ၊ သူဘေးက Save & Continue ကိုမနှိပ်ပါနဲ့။ ဒီအဆင့်းပြီးသွားပြီဆိုတာနဲ့ အောက်မှာမြင်ရတဲ့စာရွက်မျိုးပေါ်လာရင် သင် Facebook အကောင့်တစ်ခု ရသွားပါပြ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text