Pages

Tuesday, July 29, 2014

အင်တာနက် အဆ မြန်အောင်လုပ်နည်း။




၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
၂။ Administrative Templates ကို နှိပ်ပါ။

၃။ Network ကိုနှိပ်ပါ။
၎။ QoS Packet Scheduler ကိုနှိပ်ပါ။
၅။ Limit reservable bandwidth ကိုနှိပ်ပါ။
၆။ Enabled (optional) ကိုရွေးပါ။
၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။
၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ။ သင့်Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။ သယ်ချင်းများအားလုံးကိုကျေးဇူးတင်လျှက်<ဖန်ဆင်ရှင်>blog.com

Monday, July 28, 2014

လေယာဉ်ပျံသန်းမှု လမ်းကြောင်းများ တိတိကျကျ သတ်မှတ်နိုင်ရန်




ခရီးသည်တင် လေယာဉ်များ၏ ပျံသန်းမှု လမ်းကြောင်းများနှင့် ပတ်သက်၍ ပိုမိုအားကောင်းသော နိုင်ငံတကာ စည်းမျဉ်းများ သတ်မှတ်နိုင်ရန် မလေးရှား လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက အကြံပြုခဲ့သည်။
မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်သည် စစ်ဖြစ်နေသည့် ယူကရိန်း အရှေ့ပိုင်း ဒေသကို ဖြတ်ကျော်ပျံသန်းစဉ်
ဇူလိုင်(၁၇)ရက်က ဒုံးကျည်ဖြင့် မှားယွင်းပစ်ချ ခံရသည်ဟု ယူဆရသော အခြေအနေ တစ်ရပ်ကြောင့် ပျက်ကျပြီး လိုက်ပါလာသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။
မလေးရှား လေကြောင်းလိုင်း၏ ကုန်သွယ်မှု ဒါရိုက်တာ ဟုဂ်ျဒွန်လီဗေးက ဗြိတိန်ထုတ် Sunday Telegraph သတင်းစာတွင် အမြင်ဆောင်းပါးတစ်ခု ရေးသားခဲ့ရာ MH17သည် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် မကြုံစဖူး အခြေအနေ တစ်ရပ်အဖြစ် ထောက်ပြထားခဲ့သည်။
“ခရီးသည်တင် လေကြောင်းလိုင်းတွေဟာ ကိုယ်ပျံသန်းမယ့် လမ်းကြောင်းရဲ့ လုံခြုံရေး ကဏ္ဍအတွက် ပခုံးထမ်း တာဝန်ယူခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပျံသန်းမယ့်လမ်းကြောင်း၊ ဧရိယာတွေရဲ့ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေကို အမြဲတမ်း သိနေဖို့ ဆိုတာက ကျွန်တော်တို့ဟာ ထောက်လှမ်းရေး အေဂျင်စီတွေ မဟုတ်ဘူးလေ။ ကျွန်တော်တို့ဟာ လေကြောင်းလိုင်းတွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက စဉ်းစားတာက ခရီးသည်တွေကို သက်တောင့်သက်သာ အဆင်ပြေပြေနဲ့ လိုရာခရီးဆီ ပို့ဆောင်ပေးဖို့သာ ဖြစ်ပါတယ်”ဟု ဒွန်လီဗေးက ရေးသားခဲ့သည်။
၎င်းက လေကြောင်းလိုင်းများသည် ပျံသန်းချိန်နှင့် လောင်စာဆီ စရိတ်တို့ကို လျှော့ချရန်အတွက် ခရီးတာ အတိုဆုံးဖြစ်မည့် လမ်းကြောင်းကို တတ်နိုင်သမျှ ရွေးချယ်လေ့ ရှိသော်လည်း အန္တရာယ် အခြေအနေတစ်ရပ် ကြုံနိုင်သည့် နေရာမျိုးနှင့် လေဆိပ်မျိုးအတွက် သီးခြားသတိပေးထားသည့် NOTAM သတ်မှတ်ချက်မျိုး လိုအပ်ကြောင်းလည်း ဆိုသည်။
“ခရီးသည်တင် လေယာဉ်တစ်စီးဟာ ဘေးကင်းကင်း လုံလုံခြုံခြုံ ရှိမယ်ထင်တဲ့ လမ်းကြောင်းမှာ ပျံသန်းရင်း ပစ်ချခံခဲ့ရတယ်။ ကျွန်တော်တို့ အနေနဲ့ ပျံသန်းမှု လမ်းကြောင်းတွေကို စဉ်းစားတဲ့အခါ တတ်နိုင်သလောက် အလေးအနက် ချင့်ချိန်ပြီး လိုအပ်ရင် အလုံခြုံဆုံး ဖြစ်နိုင်တယ်လို့ ယူဆတဲ့ လမ်းကြောင်းတွေကို ပြောင်းလဲ သတ်မှတ်လေ့ ရှိပါတယ်”ဟုလည်း ဒွန်လီဗေးက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “လေကြောင်းလိုင်းတွေအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် နည်းလမ်းကတော့ နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေး အဖွဲ့ကြီး (IATA)နဲ့ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO)တို့က ပူးပေါင်းပြီး ဖြစ်ရပ်တွေကို ဆန်းစစ်ပေးဖို့ပါ။ ပြီးတော့ ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေ ချမှတ်ပေးသင့်ပါတယ်။ ဘယ်ပျံသန်းမှု လမ်းကြောင်းက ဘေးအကင်းဆုံး ဖြစ်မလဲ ဆိုတာကို သူတို့က ရွေးချယ်ပေးသင့်ပါတယ်”ဟုလည်း ထောက်ပြခဲ့သည်။
ဗြိတိန်လေကြောင်းလိုင်းနှင့် အမေရိကန် လေကြောင်းလိုင်း အများစုသည် ယူကရိန်း အရှေ့ပိုင်းကို ရှောင်လွှဲပျံသန်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း မလေးရှား လေကြောင်းလိုင်းက အဆိုပါ လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ MH17 ပျက်ကျပြီးနောက် မလေးရှား လေကြောင်းလိုင်းသည် ပျံသန်းမှု ကန့်သတ်မထားသော်လည်း စစ်ဖြစ်နေသည့် ဆီးရီးယား ကောင်းကင်ယံမှ ဖြတ်ကျော် ပျံသန်းရန် ပြောင်းလဲ ရွေးချယ်ခဲ့သဖြင့်လည်း နောက်ထပ် ဝေဖန်မှုများနှင့် ကြုံခဲ့ရသည်။
_Ref: Channelnewsasia

Sunday, July 27, 2014

မေတ္တာရှင်ရွေပြည်သာဆရာတော် အရှင်ဇဝန၏ တရားစာအုပ်များစုစည်းမှု.


            ဆရာတော်၏စာအုပ်များသည် ဘယ်လောက်ကောင်းသလဲးဆိုတာကိုတော့ ဖတ်ဖူးသူတိုင်းသိပါသည်။ မဖတ်ဖူး၊မသိသေးသူများအတွက် မျှဝေလိုက်ပါသည်။ဖတ်ကြည့်စေချင်ပါသည်။
မိတ်ဆွေအနေနှင့် ဖတ်ကြည့်ချင်လို့ ဘယ်စာအုပ် ဒေါင်းရမလဲးမေးရင် စာ ၂ အုပ်ကိုအရင်ညွန်းပါရစေ။

မျက်ရည်မကျခင် သိစေချင် စာအုပ်နှင့်  လူဖြစ်ရချြင်းရဲ့ အဓိကရည်ရွယ်ချက်


အဲးဒီ ၂ အုပ်ကို ဖတ်ကြည့်ပါ။အသိတွေအများကြီးတိုးလာပါလိမ့်မည်။
အားလုံး စာအုပ်ကောင်များ ဖြစ်ပါသည်။


             စာအုပ်ကောင်များမို့ ဖတ်စေချင်ပါသည်။
                                                                              လေးစားစွာဖြင့်   ....  နှိုင်လင်း                            
        စာအုပ်အမည် <ဆက်ဖတ်ရန်>
                                                                           DownLoad































































































ကျွှန်တော်.သယ်ချင်းများဖတ်စေချင်တဲ.ရေရွှယ်ချက်နဲ.ပါ<ဖန်ဆင်းရှင်>

 

Sample text

Sample Text

Sample Text